ကျွန်ုပ်တို့အကြောင်း

ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့်မားကာ နှုန်းထားသင့်တင့်သော ကျန်းမာရေးစောင့်ရှောက်မှု

သင်၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် သုခချမ်းသာတို့ကို အလေးအနက်ထား ဦးစားပေးသည့် ကန့်ကော်ဆေးရုံမှ နွေးထွေးစွာ ကြိုဆိုပါသည်။ ကျွန်ုပ်တို့သည် ဆေးဘက်ဆိုင်ရာ ထူးချွန်ပြည့်စုံမှုနှင့် လှိုက်လှဲပျူငှာသော ကရုဏာတရားတို့ကို ပေါင်းစပ်ပြီး၊ ကျင့်ဝတ်နှင့်အညီ လူနာကို ဗဟိုပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုမျိုး ပေးအပ်နိုင်ရန် ရည်သန်လုပ်ဆောင်နေပါသည်။ ကျွမ်းကျင်မှုအဆင့်မြင့်မားသော ဆရာဝန်များ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များအဖွဲ့ကို စုစည်းလျက်

ကျွန်ုပ်တို့၏ မူဝါဒနှင့် ရည်ရွယ်ချက်များ

ကျွန်ုပ်တို့၏ မူဝါဒ

အရည်အသွေးမြင့်၊ ယုံကြည်စိတ်ချရပြီး စျေးနှုန်းသင့်တင့်သော ကျန်းမာရေးစောင့်ရှောက်မှုကို မိသားစုတိုင်းလူမှုအသိုင်းအဝိုင်းအတွက် ပံ့ပိုးပေးနိုင်သော ယုံကြည်ရသော ဆေးရုံတစ်ရုံ ဖြစ်လာရန်

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များ

လူနာကို ဦးစားပေးပြီး ကျွမ်းကျင်သော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခေတ်မီအရည်အသွေးမြင့် ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်များ၊ ထိရောက်သော စီမံခန့်ခွဲမှုစနစ်များကို အသုံးချကာ အရည်အသွေးမြင့်သော ကျန်းမာရေးစောင့်ရှောက်မှုကို စျေးနှုန်းသင့်တင့်စွာ ပေးအပ်ရန်

ကျွန်ုပ်တို့၏ အရည်အသွေး မူဝါဒ

သင့်ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုအတွက် လျှော့မတွက်သော စံချိန်စံညွှန်းများ

  • 1.

    လူနာပြုစုစောင့်ရှောက်မှုအပေါ် ကျွန်ုပ်တို့၏ ကတိကဝတ်

  • ကံ့ကော်ဆေးရုံသည် ဘေးကင်းလုံခြုံ၍ အရည်အသွေးမြင့်မားသော၊ လူနာကိုဗဟိုပြုသော၊ လွယ်ကူစွာလက်လှမ်းမီနိုင်သော နှင့် ကျင့်ဝတ်နှင့်ညီညွတ်သော ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကို ပေးအပ်ရန် အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါသည်။

  • 2.

    အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ အာမခံချက်

  • ထိရောက်သော ဆေးကုသမှုဆိုင်ရာ စီမံအုပ်ချုပ်မှု၊ အရည်အချင်းပြည့်ဝသော ကျွမ်းကျင်ပညာရှင်များနှင့် စုပေါင်း၍ လူနာများဘေးကင်းလုံခြုံရေး၊ အချက်အလက်အခြေပြု ဆေးကုသမှုစောင့်ရှောက်မှုနှင့် စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုကို အာမခံပါသည်။

  • 3.

    စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲခြင်း

  • တိုင်းတာနိုင်သော အရည်အသွေးရည်မှန်းချက်များ သတ်မှတ်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှုများကို စောင့်ကြည့်ခြင်း၊ လူနာနှင့်ဝန်ထမ်းများအတွက် အန္တရာယ်ဖြစ်နိုင်သော အခြေအနေများကို စီမံခန့်ခွဲခြင်း၊ လူနာများ၏ အကြံပြုချက်များကို လက်တွေ့အသုံးချခြင်း ၊ ပုံမှန်စစ်ဆေးခြင်း နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းများကို ပြုလုပ်ခြင်းအားဖြင့် စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာစေရန် မြှင့်တင် ဆောင်ရွက်ပါသည်။

  • 4.

    လက်တွေ့အကောင်အထည်ဖော်ခြင်းနှင့် မဟာဗျူဟာမြောက် ချိတ်ဆက်ညှိနှိုင်းခြင်း

  • ဤအရည်အသွေးဆိုင်ရာမူဝါဒသည် ကျွန်ုပ်တို့၏ မဟာဗျူဟာမြောက် ဦးတည်ချက်ကို အထောက်အကူပြုပြီး အဖွဲ့အစည်း၏ အဆင့်တိုင်းတွင် ဆက်သွယ်အသိပေးခြင်း၊ နားလည်သဘောပေါက်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ပါသည်။

စံချိန်မီ အသိအမှတ်ပြု လက်မှတ်များ

ဘေးကင်းရေး၊ အရည်အသွေးမြင့်မားရေးနှင့် ကုသမှု စံချိန်စံညွှန်းများအတွက် နိုင်ငံတကာအဆင့် အသိအမှတ်ပြုမှုများ

ကန့်ကော်ဆေးရုံတွင် ကျွန်ုပ်တို့သည် နိုင်ငံတကာနှင့် ပြည်တွင်းရှိ အမြင့်မားဆုံးသော ဆေးဘက်ဆိုင်ရာ စံနှုန်းများကို မီနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။ ကျွန်ုပ်တို့ ရရှိထားသည့် တရားဝင်အသိအမှတ်ပြု ဆုတံဆိပ်များနှင့် လက်မှတ်များ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာခြင်းသည် လူနာများနှင့် ဝန်ထမ်းများအတွက် ဘေးကင်းလုံခြုံပြီး ပွင့်လင်းမြင်သာမှုရှိသော ကမ္ဘာ့အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှု ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန် ကျွန်ုပ်တို့၏ ခိုင်မာသော ကတိကဝတ်ကို သက်သေပြနေခြင်းပင် ဖြစ်ပါသည်။

Translate »