22.6.2026 တွင် ကံ့ကော်ဆေးရုံမှ ရှမ်းလေးကျွန်း ကျေးရွာသို့ သွားရောက်၍ လူမှုအကျိုးပြု (CSR) ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အစီအစဉ်တွင် ဒေသခံပြည်သူများအား
-သွေးပေါင်ချိန် တိုင်းတာပေးခြင်း
-သွေးတွင်းသကြားဓာတ် စစ်ဆေးပေးခြင်း
-ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးခြင်း
-လိုအပ်သော ဆေးဝါးများ ၊ အားဆေးများကို အခမဲ့ ပေးအပ်လှူဒါန်းခြင်း
တို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။
ကံ့ကော်ဆေးရုံအနေဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးကောင်းမွန်စေရန်နှင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုလွယ်ကူစွာ လက်လှမ်းမီစေရန် ရည်ရွယ်၍ လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
CSR အောင်မြင်စွာ ပြီးမြှောက်စေရန် ဝိုင်းဝန်းကူညီပေးပါသော
ကံ့ကော်ဆေးရုံ Medical Team နှင့် ဝန်ထမ်းများ
ဆေးဝါးများကို လှူဒါန်းကူညီပေးပါသော
-Moe Thit Sar Myay Co-ltd
-Myomus
-Multinava
-En2ysafe
-C-Max တို့အားကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
လူမှုအသိုင်းအဝိုင်းနှင့် လက်တွဲ၍ ကျန်းမာသော လူ့ဘောင်လောက ကို တည်ဆောက်နိုင်ရန် ကံ့ကော်ဆေးရုံမှ အမြဲအတူရှိနေပါမည်။











